၁။ Refund
သင်တန်းမစတင်မီ အနည်းဆုံး (၁၀) ရက်ကြိုတင် အကြောင်းကြားပါက ပေးသွင်းထားသော သင်တန်းကြေး၏ (၆၀%) ကို Refund ပြန်လည်ပေးအပ်ပြီး ကျန် (၄၀%) ကို Cancellation Fee အဖြစ် သတ်မှတ်ပါမည်။ (၁၀) ရက်အောက်သာ ကျန်ရှိပါက Refund ပြုလုပ်ပေးမည်မဟုတ်ပါ။ မလွှဲမရှောင်သာသော အရေးပေါ်အခြေအနေများရှိပါက Academy သို့ တင်ပြညှိနှိုင်းနိုင်ပါသည်။
၂။ Payment & Cancellation
Payment Deadline အတွင်း သင်တန်းကြေးအပြည့် ပေးသွင်းရန် အခက်အခဲရှိပါက Deadline မတိုင်မီ Academy သို့ ကြိုတင်ဆက်သွယ်ညှိနှိုင်းရပါမည်။ ကြိုတင်အကြောင်း ကြားခြင်း မရှိဘဲ Payment Deadline ကျော်လွန်ပါက သင်တန်းအပ်နှံမှုကို ပယ်ဖျက်နိုင်ပြီး ယခင်ပေးသွင်းထားသောငွေကို Refund ပြန်လည်ပေးမည်မဟုတ်ပါ။
၃။ Course / Batch ပြောင်းလဲခြင်း
သင်တန်းအပ်နှံမှုကို အခြားသူထံ လွှဲပြောင်းခြင်း သို့မဟုတ် ပြန်လည်ရောင်းချခြင်း မပြုလုပ်ရပါ။ မိမိကိုယ်တိုင် အခြား Course သို့မဟုတ် Batch သို့ ပြောင်းလဲလိုပါက သင်တန်းမစတင်မီ အနည်းဆုံး (၁၀) ရက်ကြိုတင် အကြောင်းကြား၍ (၁) ကြိမ်သာ ပြောင်းလဲနိုင်ပါသည်။
၄။ သင်တန်းမတက်ရောက်နိုင်ခြင်း / အရေးပေါ်အခြေအနေ
ကျန်းမာရေး၊ မိသားစုအရေးပေါ်ကိစ္စ သို့မဟုတ် မလွှဲမရှောင်သာသော အခြေအနေများကြောင့် မတက်ရောက်နိုင်ပါက Academy သို့ တင်ပြနိုင်ပြီး အခြေအနေအပေါ်မူတည်၍ နောက် Batch သို့ ပြောင်းလဲတက်ရောက်နိုင်ရန် စဉ်းစားပေးပါမည်။
၅။ Academy ဘက်မှ Schedule ပြောင်းလဲခြင်း
မလွှဲမရှောင်သာသော အခြေအနေများကြောင့် Academy ဘက်မှ သင်တန်းရက် ပြောင်းလဲရန်လိုအပ်ပါက ကြိုတင်အသိပေးပြီး သင့်လျော်သောရက် သို့မဟုတ် Batch တွင် ဆက်လက်တက်ရောက်နိုင်ရန် စီစဉ်ပေးပါမည်။
Policy Acceptance
GlowCode Academy တွင် သင်တန်းအပ်နှံ၍ သင်တန်းကြေးပေးသွင်းခြင်းသည် အထက်ဖော်ပြပါ Refund, Cancellation & Transfer Policy များကို ဖတ်ရှုနားလည်ပြီး သဘောတူလက်ခံခြင်းဖြစ်သည်ဟု သတ်မှတ်ပါမည်။